Main menu

ကျွန်းလှမြို့၏ သရေစာ နှမ်းပျစ်ယိုနှင့် ဇီးပြား ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင်နှမ်းပျစ်ယိုများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဇီးပြားသည် ချဉ်ပြုံးပြုံး အရာသာရှိပြီး အလွန်ကောင်းမွန်ကာ ခံတွင်းရှင်းစေသော သရေစာ တစ်မျိုးဖြစ်ပြီး ပူပြင်လှသည့် နွေရာသီမှာ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ခန္ဓာကိုယ်အတွက် ခွန်အားကိုလည်း ဖြစ်စေသလို ဗီတာမင် ဓါတ်ကြွယ်ဝစွာပါဝင်ပြီး ရင်ထဲကိုအေးမြလန်းဆန်းစေသည့်အတွက် နွေရာသီတွင် ဇီးပြားကိုပိုပြီး စားသုံး ကြသည်ကိုတွေ့ရှိရပါသည်။ နှမ်းယိုကို စားလိုက်လျှင်ကြွတ်ရွပြီး မွေးကြိုင်နေသည့်အတွက် လူကြီး လူငယ် မရွေးကြိုက်နှစ်သက်ပါကြောင်း၊ စားပီးလျှင် အမှင်မဖြတ်နိုင်အောင် စားပီးရင်း စားချင်ရင်းဖြစ် စေပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နှမ်းပျစ်ယိုဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် (၂၀)ကျပ်သား လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဇီးပြားဈေးနှုန်းအနေဖြင့် ဇီးပြား လက်က္ကားဈေးနှုန်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ဇီးပြား လက်လီဈေး တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ဇ(၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ်နှင့် ဇီးပြား(၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချ နေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)