Main menu

ဘိုကလေးမြို့နယ်၊ (၁) ရပ်ကွက်၊ (၂) ဖြတ်လမ်းရှိ “မင်းသား” ပေါင်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် “မင်းသား” ပေါင်မုန့် လုပ်ငန်းမှ ထုတ်လုပ်သော မုန့်များ ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

           “မင်းသား” ပေါင်မုန့်လုပ်ငန်းရှင်မှ တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ပေါင်မုန့်အလုံးရေ (၂၅၀) ခန့် ထုတ်လုပ်လျှက်ရှိပြီး ဈေးကွက်အတွင်းရောင်းဝယ်မှုပေါ်မူတည်၍ နေ့စဉ်ထုတ်လုပ် လျက်ရှိပါသည်။ မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ ပါဝင်ပစ္စည်းများကို မေးမြန်းရာ (ဂျုံ၊ သကြား၊ ဆား၊ ပွဆေး၊ ဂျုံနုဆေး၊ ရေသန့်) တို့ပါဝင်ပြီး ပေါင်မုန့်အကြမ်း တစ်လုံးလျှင် (၁၀၀၀) ကျပ်၊ ပေါင်မုန့် အနုတစ်လုံးလျှင် (၁၃၀၀) ကျပ် နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ လုပ်သားဦးရေ (၂) ဦးရှိပြီး နေ့စားခ (၁၀၀၀၀) နှင့် (၅၀၀၀) ကျပ် နှုန်းထားအလိုက်ပေးရပြီး တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး ဒေသအတွင်း၌သာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော ထုတ်ကုန်များ ဖြစ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁/၄၃) အရ  ကုန်အညွှန်းအမှတ်အသား ကိစ္စရပ်များနှင့် ပက်သက်ပြီး သိရှိစေရေး၊ လုပ်ငန်းခွင်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)