Main menu

ဘိုကလေးမြို့နယ်အတွင်းရှိ ဦးလှသိန်း ခေါက်ဆွဲဖို လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

Powered by Drupal

            ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ ရွှေဝါထွန်းလမ်း(၄) ရပ်ကွက်ရှိ ဦးလှသန်းပိုင် ခေါက်ဆွဲဖိုလုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ဦးလှသိန်း ခေါက်ဆွဲလုပ်ငန်းမှာ စားသောက်ကုန်လုပ်ငန်းဖြစ်ပြီး ဆန်ကြမ်းဖြင့် ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းဖြစ်ပါသည်။ တစ်နေ့အသုံးပြုမှုမှာ ဆန်ကွဲ (၄) ပြည်ဖြစ်ပြီး ၊ (၄) ရက်ကို ဆန်ကွဲအိတ် (၁) အိတ် အသုံးပြုပြီး ထွက်ရှိသော မုန့်ပိဿာချိန်မှာ တစ်နေ့ ထွက်ရှိမှုအနေဖြင့် (၁၅-၂၀) ပိဿာခန့်ထုတ်လုပ်ပြီး ခေါက်ဆွဲ တစ်ပိဿာလျှင် (၂၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချပြီး မိသားစုဝင် (၂) ဦးဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ပြီး မြို့တွင်း၌သာ ရောင်းချလျက်ရှိပါသည်။

           မြို့နယ်တာဝန်ခံဒေါ်ခင်စန်းအေးက ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆေးဝါးများ သုံးစွဲခြင်းမပြုစေရေး တို့အတွက် အသိပညာပေး ဆွေးနွေးခဲ့ပြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)