
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်၊ ကြံခင်း၊ပန်းပဲစုကျေးရွာရှိ “စိန်” ဆန်စက်MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု အရည်အသွေးပြည့်မီစေရေး၊ ဆန်/စပါး အရည်အသွေးပြည့်မှီရေး၊ အချိန်အတွယ်များ ပြည့်မှီမှန်ကန်မှုရှိ/ မရှိ၊ ဆန်စပါး ဈေးနှုန်း ဈေးကွက် အခြေအနေများ တည်ငြိမ်မှုရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကုန်စည်အပေါ် တာဝန်ရှိမှု၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ခေတ်မီစက်ယူနစ်များ တပ်ဆင်ထားရှိမှုပေါ် မူတည်၍ ပြည်တွင်းပြည်ပ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)