
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ ၊ မြင်းခြံ၊ ၊ မုံရွာ၊ မင်းဘူးဒေသတို့မှ ကြက်သွန်နီ (၁၅၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန် မှာ (၆၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၄၀၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀ ၊ အကြီးမှာ ကျပ် ၁၁၅၀၊ ရှယ်မှာ ကျပ် ၁၂၅၀၊ မုံရွာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၅၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၅၀၀၊ မင်းဘူး ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၅၅၀ ဈေးတို့အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။
၁၈.၇.၂၀၂၅ ရက်နေ့ဈေးနှုန်း နှင့် ၁၇.၇.၂၀၂၅ ရက်နေ့ဈေးနှုန်း နှိုင်းယှဉ်ရာတွင် အတက် အကျမရှိဘဲ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)