Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

 ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဇူလိုင်လ (၁၅) ရက်နေ့ မှ ဇူလိုင်လ (၂၁) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော ပုပ္ပါးမှ ဩဇာသီး ဂျပ်ဖာ ကျပ် ၁၈၀၀၀၊ မန္တလေးမှ သင်္ဘောသီး တစ်လုံး ကျပ် ၃၀၀၀/၆၀၀၀၊ သီပေါ မှ နာနတ်သီးတစ်လုံး ကျပ် ၁၅၀၀/၁၈၀၀/၂၀၀၀၊ ပုပ္ပါး မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၂၀၀၀၀၊   မော်လမြိုင်မှ ကြက်မောက်သီး ၁၀ လုံး ကျပ် ၁၅၀၀/၂၀၀၀၊ ရေး မှ ဒူးရင်းသီး တစ်လုံး ကျပ် ၁၅၀၀၀/၂၀၀၀၀/၃၅၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး ကျပ် ၄၀၀၀/၆၀၀၀/၇၀၀၀၊ ရပ်စောက် မှ မင်းဂွတ်သီး ၁၀ လုံး ကျပ် ၂၀၀၀၊  ယိုးဒယား လိမ္မော်သီး တစ်လုံး  ကျပ် ၁၀၀၀/၁၅၀၀၊ ဝမ်းတွင်း မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၃၅၀၀/၄၀၀၀/၅၀၀၀၊  တိုက်ကြီးမှ မာလာကာ သီး အိတ်တစ်အိတ် ၆၀၀၀၀ ကျပ်ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၆၀၀၀၀/၁၈၀၀၀၀၊  ရှမ်းပြည်နယ် မှ သရက်သီး (ရင်ကွဲ) တစ်သေတ္တာ ကျပ်  ၄၀၀၀၀/၅၀၀၀၀၊ ရှမ်းပြည်နယ် မှ ပတ္တမြားငမောက် တစ်သေတ္တာ ကျပ် ၂၀၀၀၀၊ ရပ်စောက် မှ သရက်သီး (စိန်တစ်လုံး) တစ်သေတ္တာ  ကျပ် ၆၅၀၀၀ ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း  သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA (ရန်ကုန်)