
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရောင်းချလျက်ရှိသော အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို ဇန်နဝါရီလ (၁၆-၇-၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ်အတွင်း လိုက်လံစစ်ဆေးကြသည်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးရာတွင်ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ရှိသူ နှင့်ဝန်ထမ်း များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့သည် မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိကြသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း သံချောင်းလုံးများဖြစ်သော HRB-500၊ HRB - 400 အမျိုးအစားများနှင့် လုပ်ငန်းသုံး သံမဏိများဖြစ်သည့် H -Beam၊ l- Beam နှင့် Hollow အမျိုးအစားများအား၊ ပြည်ပနိုင်ငံများမှ တင်သွင်း၍လည်းကောင်း၊ ပြည်တွင်း ထုတ်လုပ်၍လည်းကောင်း စျေးကွက်အတွင်း အရည်အသွေးပြည့်ဝပြီး စျေးနှုန်းမှန်ကန်စေရေး၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးနှုန်းများကိုလိုက်လံစစ်ဆေး၊ ကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)