
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန် ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ ဒေသထွက် ကြက်ဥများ၊ ငုံးဥများ ဘဲဥဈေးနှုန်းများအနေဖြင့် ဗမာကြက်ဥ ( ၁ )လုံးလျှင် ( ၈၀၀)ကျပ်မှ ( ၁၀၀၀) ကျပ် ဖြင့်လည်းကောင်း၊ ကြက်ဥ အလုံးသေး ( ၁ )လုံးလျှင် ( ၃၀၀)ကျပ်၊ အလတ် (၁ )လုံးလျှင် ( ၃၅၀) ကျပ်၊ အကြီး ( ၁) လုံးလျှင် ( ၄၀၀ )ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥ တစ်လုံးလျှင် ( ၆၀၀)ကျပ်၊ ငုံးဥ (၂၈)လုံးပါတစ်ထုပ်လျှင် ( ၁၀၀၀ )ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥ ဈေးနှုန်းများ ဆက်လက် ကျဆင်းလျက်ရှိပါသည်။
DOCA(စစ်ကိုင်း)