
ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် ရာသီပေါ် သီးနှံများ၊ အသားငါးများကိုရောင်းချလျက်ရှိရာ သူ့ရာသီအလိုက်ပေါ်သည့် ရွှေဖရုံသီးများကိုလည်းရောင်းချလျက်ရှိပါသည်။ ရွှေဖရုံသီးကို ရွှေဘို မြို့နယ်အပြင် အခြားရွာများမှလည်း လာရောက်ရောင်းချကြကြောင်း၊ ရွှေဖရုံသီးမှာ ထိုင်ဝမ်သီး ဟူ၍ရှိကြောင်း၊ ထိုင်ဝမ်သီးကို အလုံးအကြီးလိုက်သော် လည်းကောင်း၊ စိတ်၍ အစိတ်သော် လည်း ကောင်း၊ သထုံသီး(ခေါ်) ရွှေဖရုံသီး အသေးလေးများကို ရောင်းချကြကြောင်း၊ ရွှေဖရုံသီး အကြီး (၁)လုံး လျှင် အရွယ်အစားအ ကြီးအ သေးပေါ်မူတည်၍ (၁)လုံးလျှင် (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-) ကျပ်အထိ ရောင်းချပြီး (၁)စိတ်လျှင် (၈၀ဝိ/-)ကျပ်ဖြင့် ရောင်းချပြီး သထုံသီး (ခေါ်)ရွှေဖရုံသီး အသေး(၁)လုံးလျှင် (၅၀ဝိ/-)ကျပ်မှ (၇၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန် စိမ်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)