Main menu

ကန့်ဘလူမြို့နယ်၌ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုန်လာပွင့်များလည်း ရောင်းချလျက်ရှိပြီး မုန်လာထုပ်နှင့် ပန်းမုန်လာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၄၀၀၀)ကျပ်၊ အကြီး(၁)ထုပ်လျှင်(၄၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၄၅၀၀မှ ၄၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊   ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း၊  ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကုန်စိမ်းရောင်းချသည့်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)