Main menu

ကန့်ဘလူမြို့ သစ်သီးဈေးကွက်ရှိ စပျစ်သီးနှင့် လိမ္မော်သီးဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးသည် လူကြိုက်များသည့် အသီးတစ်မျိုးဖြစ်ပြီး၊ အရောင်အသွေး၊ အနံ့၊ အရသာနှင့်ပြည့်စုံပြီး၊ အစိမ်းရောင်၊ အနီရောင်၊ ခရမ်းရင့်ရောင် စသည်ဖြင့် အရောင် အမျိုးမျိုးရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီး တရုတ်မျိုး(၁)ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၉၅၀၀)ကျပ်၊ စပျစ်သီး ဗမာမျိုး(၁) ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း လိမ္မော်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာ လျှင် (၁၉၀၀၀မှ ၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးဝင်ရောက်မှုနည်းသော်လည်း လူကြီးလူငယ်မရွေး စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)