
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့် အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းတွင် ၂၂.၇.၂၀၂၅ ရက်နေ့ MT AU GEMINI သင်္ဘောဖြင့် HTT 3 ဆီကန်သို့ 300 MT ၊ GGM 9 ဆီကန်သို့ 2025 MT ၊ DD ဆီကန်သို့ 1975 MT စုစုပေါင်းတန်ချိန် 4300 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)