Main menu

မျှစ်အသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

 မျှစ်သည် မြက်မျိုးရင်းဝင်တစ်မျိုးမှ ဆင်းသက်လာပြီး မြက်မျိုးရင်းဝင်ထဲတွင်အရှည်ဆုံးနှင့် အကြီးဆုံးအပင်တစ်မျိုးပင်ဖြစ်ပါသည်။ ဝါးပင်နုနုလေးဖြစ်ပြီး ရက်သတ္တပတ်(၂)ပတ်မပြည့်ခင် အမြင့် (၁)ပေ မပြည့်ခင်ခူးချိုးထားသော ဝါးပင်၏အတက်ကလေး ဖြစ်ပါသည်။မျှစ်သည် ချက်စားသည့် အခါတွင်လည်း ကြွပ်ကြွပ်လေးနဲ့ စားကောင်းပါသည်။ထို့ပြင် ဆောက်လုပ်ရေးလုပ်ကိုင်ရာတွင်လည်း အသုံးဝင်သော ဝါးပင်လည်းဖြစ်ပါသည်။အာရှနိုင်ငံအများစုတွင်ပေါက်ရောက်ပြီး အာရှဒေသခံများ အတွက်လည်း အသုံးဝင်သော အပင်တစ်မျိုးဖြစ်ပါသည်။ မျှစ်သည်ပရိုတင်းဓာတ်ကြွယ်ဝသလို  ကယ်လိုရီပါဝင်မှုလည်း နည်းပြီး အမျှင်ဓာတ်နဲ့ ဗီတာမင် A ၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် E ၊ သံဓာတ်များပါဝင်သည်။ မျှစ်သည် အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် အစာကြေစေနိုင်ပြီး ဝမ်းမှန် စေနိုင်ပါသည်။ အူမကြီးလှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းချုပ်မှုကို ကင်းစေတာကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါသည်။ မျှစ်၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ မျှစ်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)