
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ငါးများမှာ ဒေသတွင်းမှ ထွက်ရှိသလို၊ မန္တလေးမြို့မှလည်း ဝင်ရောက်ကြောင်း ငါးဒိုင်များထံမှ သိရသည်။
၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ စတုတ္ထအတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ငါးကြင်း ဈေးနှုန်းများမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းအကောင် (၁)ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ငါးကြင်းသားသည် နူညံ့ပြီးအသားချိုခြင်း၊ အရိုးပါဝင်မှုနည်းခြင်း ၊ ငါးကြင်းခေါင်းကို ဟင်းအဖြစ်သီးခြားချက်စားနိုင်သည့်အတွက် စားသောက်ဆိုင်များတွင် အသုံးများသောငါးမျိုးဖြစ်ကြောင်း၊ ဇူလိုင်လ စတုတ္ထအတွင်း ငါးမြင်းအကောင်(၁)ပိဿာလျှင် ၁၈၀၀၀ ကျပ်နှင့် ဇူလိုင်လ စတုတ္ထအတွင်း ငါးတန်အကောင်(၁)ပိဿာလျှင် ၂၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငါးများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)