
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရပါ သည်။
ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက် အချိန်ကုန်သက် သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့်ထမင်း ဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြ ကြောင်း၊၂၀၂၅ခုနှစ်၊ဇူလိုင်လ တတိယပတ်တွင် ရောင်းချခဲ့သော ဝက်အူချောင်းဈေးနှုန်းမှာဝက် အူချောင်းတစ်ပိဿာလျှင် (၄၂၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သားလျှင်(၂၁၀၀၀)ကျပ်၊ဝက် အူချောင်း(၁၀)ကျပ်သားလျှင်(၄၂၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် အတွင်းဝက်အူချောင်း(၁)ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သားလျှင်(၂၂၅၀၀) ကျပ်၊ ဝက်အူချောင်း(၁၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)