Main menu

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ပဲတောင့်ရှည်သီး၊ကြောင်လျှာသီးနှင့် သခွားသီးဈေးနှုန်းများ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ဒေသထွက်ပဲတောင့်ရှည်သီး၊ ကြောင်လျှာသီးနှင့် သခွားသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ပဲတောင့်ရှည်သီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာ နှင့်အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘ လူမြို့မဈေးတွင်ရောင်းချနေသည့် ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ပဲတောင့်ရှည်(၅)တောင့်ပါ(၁) စည်းလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည် (၅)တောင့်ပါ (၅)စည်းလျှင် (၂၅၀၀)ကျပ်၊  ပဲတောင့်ရှည်(၁၀) စည်းပါ(၁)ထုံးလျှင် (၅၀၀၀)ကျပ်၊ ကြောင်လျှာသီးအကြီး(၁)တောင့်လျှင် (၁၅၀၀)ကျပ်၊ ကြောင် လျှာသီးအသေး(၁)တောင့်လျှင် (၁၀၀၀)ကျပ်နှင့် သခွားသီးအကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ သခွား သီးအလတ်(၁)လုံးလျှင် (၅၀၀)ကျပ်၊ သခွားသီးအသေး(၁)လုံးလျှင် (၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)