
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဇူလိုင်လ တတိယပတ်အတွင်း မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊ အမှုထမ်းတို့ပူးပေါင်းအဖွဲ့ဖြင့် Gasifier အသုံးပြု မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်ရှိ စိန်ရတနာ ၃ ဆန်စက် သို့ သွားရောက်စစ်ဆေးခဲ့ပါသည်၊၊
အဆိုပါ ဆန်စက်၏ Gasifer မီးဖိုးမှထွက်ရှိသော စက်ဖွဲပြာများအား စစ်ထုတ်နိုင်ရန်အတွက် ရေစစ်ကန်အတွင်း စတီးဇကာဖြင့် စစ်ထုတ်ထားသော ဖွဲပြာများအား စနစ်တကျသယ်ယူ သန့်ရှင်းခြင်းများ ပြုလုပ်ရေး၊ ရေဆိုးထုတ်စနစ် ရေစစ်ကန်ပြုလုပ်ထားရှိမှု အခြေအနေများအား ညွှန်ကြားချက်နှင့်အညီဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊
DOCA (ဧရာဝတီ)