
မိတ္ထီလာ ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥများကို မန္တလေးမြို့၊ တောင်ကြီး၊ ပုသိမ်ကြီးမြို့နယ်များ မှ တင်သွင်းရောင်းချကြကြောင်း သိရပါသည်။ ဇူလိုင်လစတုတ္တပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်ဥလက္ကား ဈေးနှုန်းမှာ ကြက်ဥ(၃၀လုံးပါ ၁၀ကဒ်) တစ်ဆွဲလျှင် ၁၂၆၀၀၀ - ၁၃၅၀၀၀ကျပ်၊ လက်လီဈေးနှုန်း အနေ ဖြင့် ကြက်ဥတစ်လုံးလျှင် ၄၂၀ - ၄၅၀ကျပ်၊ ဘဲဥတစ်လုံးလျှင် ၅၅၀ - ၅၇၀ကျပ်၊ ငုံးဥ(၁၀) လုံးလျှင် ၁၁၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥဈေးနှုန်းများမှာ အရွယ်အစား ပေါ်မူတည်၍ ဈေးအနည်းငယ် ကွာခြားမှုရှိကြောင်း၊ ယခင်လနှင့် ယခုလ ကာလတူနှိုင်းယှဉ်လျှင် ကြက်ဥဈေး အနည်းငယ်ကျဆင်းလာကြောင်း၊ ဈေးနှုန်းအနည်းငယ်ကျဆင်းလာရခြင်းမှာ ကြက်စာဈေး အနည်း ငယ်ကျဆင်းခြင်းနှင့် ဥထွက်ကောင်းမွန်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ကြက်မွေးမြူရေး လုပ်ငန်း မှ သိရပါသည်။
DOCA(မန္တလေး)