Main menu

လေးမျက်နှာမြို့နယ် ဘိုဘို အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

             ၂၀၂၅ခုနှစ်၊ ဩဂုတ်()ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ  “ဘိုဘို” အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရာများကိုလည်း နားလည်သိရှိနိုင်စေရန် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဘိလပ်မြေဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူတို့၏ မမှန်မကန်လုပ်ဆောင်မှုများမှကာကွယ်ရန်၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အရည်အသွေး၊ အဆင့် အတန်းမပြည့်မီခြင်းမှကာကွယ် နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ စောင့်ထိန်းရမည့် စီးပွားရေးဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်သုံးသွားရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)