Main menu

ပုသိမ်မြို့ဧရာရွှေဝါခန်းမတွင် စပါးမျိုးစေ့ချကိရိယာ(Drum seeder )များထုတ်လုပ်ရောင်းချရေးအစည်းအဝေးပြုလုပ်

Powered by Drupal

           ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဩဂုတ်လ ၆ ရက်နေ့တွင် ဆန်၊ စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော  ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာ စိုက်ပျိုးရေး ကဏ္ဍာအတွက် အရေးပါသော အရည်အသွေးမြှင့် မျိုးစေ့ချကိရိယာ(Drum seeder) များထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးနှင့် အခြားဌာနဆိုင်ရာများ (Drum seeder) ထုတ်လုပ် ရောင်းချသူများ တက်ရောက်ခဲ့ပါသည်။

             အဆိုပါအစည်းအဝေးတွင် မအူပင်ခရိုင်၊ ကျုံပျော်ခရိုင်၊ လပွတ္တာခရိုင်၊ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်၊ဖျာပုံခရိုင်အတွင်းရှိစက်မှုဇုန်များတွင် ထုတ်လုပ်ရောင်းချသည့် (Drum seeder) များကျင်းပပြီး အဆိုပါမျိုးစေ့ချကိရိယာ၏ ထူးခြားချက်နှင့် အားသာချက်မှာ လက်ဖြင့် ကြဲပတ်ရသည့်မျိုးစပါးသုံးစွဲမှုကို လျှော့ချပေးနိုင်ပြီး ပေါ့ပါးခိုင်ခန့်၍ အလွယ်တကူသုံးစွဲနိုင်ကြောင်း သိရသည်။ အဆိုပါ(Drum seeder)ကိုသုံးစွဲရန်လူတစ်ယောက်သာလိုအပ်ပြီး  ကောက်စိုက်ခြင်းအတွက် သာလုပ်သားလိုအပ်ချက်ကို လည်းလျှော့ချနိုင်ပါသည်။ လွယ်ကူရိုးရှင်းသော စနစ်ကျမျိုးစေ့ချပြီး ပြည်ပသုံးစွဲလျှေ့ချနိုင်သောလယ်ယာ စက်ကိရိယာ ဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တိုင်းအတွင်းစပါးစိုက်တောင်သူများအား ၂၀၂၅-၂၀၂၆ မိုးစပါး ရာသီတွင်ရောင်းချရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)