
(၇.၈.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရွှေဘိုတန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၄၁) ဦးတို့အား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောင်းကော်မတီအဖွဲ့များနှင့် အတူ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းအသိပညာပေးဟောပြောခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ လူငယ်နှင့် ရည်မှန်းချက် အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)