Main menu

ညောင်တုန်းမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းသုံး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            (၇-၈-၂၀၂၅) ရက် နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်နှင့် (၇)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိတို့ကို မြို့နယ်မြေပြင်ကွင်းဆင်း စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ခေါင်းဆောင်ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးဦးအောင်လွင်က မြို့နယ်အတွင်း ရောင်းချနေသော ဈေးနှုန်းများကို အပတ်စဉ် စာရင်းကောက်ခြင်း၊ ဈေးနှုန်းသုံးသပ်ခြင်း၊ သင်တင့်မျှတသောဈေးဖြင့် ရောင်းချနိုင်ရန်ကြပ်မတ်ခြင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် သတိပေးပြောကြားခဲ့ပြီး ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

DOCA(ဧရာဝတီ)