Main menu

ဓနုဖြူ ပန်းနံသာဈေးအတွင်း မုန့်မျိုးစုံအား  FDAဌာနနှင့် အတူ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် (၇-၈-၂၀၂၅)ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့နယ်စည်ပင်သာယာဈေးရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး။ ဈေးကော်မတီဝင်များနှင့် ဈေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပန်းနံသာဈေး၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသောက်ကုန်ပစ္စည်းများရောင်းချရာ၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် ကျန်းမာရေးထိခိုက်စေနိုင်သည့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားပါသည်။

           ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဦးခိုင်လွမ်းမိုးက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းနှင့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/မရှိကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)