Main menu

သာစည်မြို့နယ်၌ ပဲတောင့်ရှည်(ခေါ်) တိုင်ထောင်ပဲများစိုက်ပျိုးဖြစ်ထွန်း၍ တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ပဲတောင့်ရှည် (ခေါ်) တိုင်ထောင်ပဲကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ပဲတောင့်ရှည်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုးရပြီး ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ ထွန်ယက်ခ၊ လုပ်သားခနှင့် သွင်းအားစု စုစုပေါင်း တစ်ဧကလျှင် (၇၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး ဘောင်ခတ်၍ အတန်းလိုက် စိုက်ပျိုးရကြောင်း၊ ပဲတောင့်ရှည်ကို (၂) လ အကြာတွင် ခူးဆွတ်ရပြီး အရွယ်မရောက်မီ အစေ့နုသေးသောအချိန်တွင် ဆွတ်ခူးရကြောင်း၊ ပဲတောင့်ရှည်ကို ပန်းပွင့်ပြီး (၇-၁၀) ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၂၀၀၀၀) ပိဿာ ကျော်ထိ ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် သာစည်မြို့နယ်မှ မိတ္ထီလာဈေးကွက်သို့လည်း တင်ပို့ရောင်းချကြကြောင်း၊  လက္ကားဈေး တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၄၀၀၀-၅၀၀၀)ကျပ်၊ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်  ရာသီဥတုကောင်းမွန်ပြီး ရောဂါကျရောက်မှုမရှိဘဲ အထွက်နှုန်းကောင်းသဖြင့် ပဲတောင်ရှည် (ခေါ်) တိုင်ထောင်ပဲ စိုက်တောင်သူများအဖို့ အမြတ်အစွန်းများစွာရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)