
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာစည်မြို့နယ်၊ ဆည်ကြီးကျေးရွာအုပ်စု၌ စားသုံးသူပြည်သူများအား စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်(ဒု-ဦီးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့်အချက်များ၊ စားသုံးသူပြည်သူများ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ် ဝယ်ယူတက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့ သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးစားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)နှင့် Consumer Call Center (1535) သို့ ဆက်သွယ်နိုင် တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများမှလည်းသိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျေးရွာမှ လူဦးရေ (၇၆)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)