Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော မုန်ညင်းချဉ် ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့တွင် ဒေသထွက် အရန်ဟင်းဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချလျက် ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ စတုတ္ထပတ်တွင်  မုန့်ညှင်းချဉ် ဈေးနှုန်းအနေဖြင့် မုန်ညင်းချဉ် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခုလို ရာသီ ကာလတွင် မုန်ညင်းရွက် ရှားပါးသည့် အတွက် ယခင်အပတ်ထက် ဈေးမြင့်တက်လာပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  မုန်ညင်းချဉ်ကို မုန့်တီဆိုင်များ၊ ထမင်းဆိုင်များ မှအများဆုံးအသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးအတွင်း လက်လုပ်ချဉ်များ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)