
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံ အမျိုး အစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍ အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။
ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဇူလိုင်လ စတုတ္ထပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၇၂၀၀)တင်း ၊တန်အားဖြင့် (၂၃၅)တန် ၊ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၅၃၀၀)ကျပ် ပေါက်ဈေးဖြင့် (၃၆၀၀)တင်း၊တန်အားဖြင့် (၁၁၈)တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပဲ၊နှမ်းဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)