
မိတ္ထီလာမြို့နယ်ရှိ ကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိစေရန် တောင်သူလုပ်ငန်းများတွင် အသုံး ပြုရန် ဝါးဖြင့်ပြုလုပ်သော တောင်း၊ ဇကော၊ ဇကာများယက်လုပ်ကြသည့်အပြင် တစ်နိုင်တပိုင် ပလပ် စတစ်ခြင်း၊ တောင်းယက်လုပ်ခြင်းလုပ်ငန်းများကို ယခင်ကအနည်းငယ်သာရှိခဲ့သော်လည်း ယခုအခါ ပလပ်စတစ်ခြင်း၊ တောင်းယက်လုပ်ခြင်းလုပ်ငန်းများတွင်ကျယ်လာစွာလုပ်ကိုင်လာကြပါသည်။
ပလပ်စတစ်ခြင်းတောင်းယက်လုပ်ခြင်းလုပ်ငန်းသည် အသက်မွေးဝမ်းကျောင်း လက်မှုပညာ တစ်မျိုးဖြစ်၍ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများကလည်း သင်တန်းများပို့ချပေးခြင်းကို မိတ္ထီလာ မြို့သစ်၊ အိုင့်ကျေးရွာတို့တွင် ပလပ်စတစ်ခြင်းတောင်းယက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်သူ( ၁၀ )ဦီးရှိ ကြောင်း၊ လိုအပ်သောကုန်ကြမ်းကို မန္တလေးမြို့မှဝယ်ယူရကြောင်း ပလပ်စတစ်ကြိုးခွေ တစ်ခွေလျှင် (၄၅၀၀၀)ကျပ်ဝယ်ယူရကြောင်း၊ကိုင်းပြုလုပ်ရသည့်ပလပ်စတစ်အမာ တစ်ပိဿာလျှင်(၅၀၀၀) ကျပ်ရှိ ကြောင်း၊ (၃) ပိဿာကြိုးခွေ(၄)ခွေယက်လုပ်လျှင် ခြင်းတောင်းဆိုဒ် ကြီး/လတ်/သေး အလုံး(၆၀) ခန့်ရရှိကြောင်း၊ ခြင်းတောင်းအကြီးတစ်လုံးလျှင်(၈၀၀၀)ကျပ်၊ ခြင်းတောင်းအလတ်တစ်လုံးလျှင် ( ၇၅၀၀ )ကျပ်၊ အသေးတစ်လုံးလျှင်( ၆၀၀၀-၆၅၀၀ )ကျပ်ရောင်းချရ ကြောင်း၊ ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့သို့တင်ပို့ရောင်းချကြကြောင်း၊ ပလပ်စတစ်ခြင်းတောင်းယက်လုပ်ခြင်းလုပ်ငန်းသည် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)