မိတ္ထီလာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အနက် ဆီထွက် သီးနှံများမှ ထွက်ရှိသည့် ပဲဖတ်၊နှမ်းဖတ်များကို ဒေသတွင်းမွေးမြူသည့် နွား၊ဝက် အစရှိသည့် မွေးမြူရေးလုပ်ငန်းများ၌ တိရိစ္ဆာန်အစာအဖြစ်အသုံးပြုကြပြီး အခြားဒေသများသို့လည်း တင်ပို့ရောင်းချကြ ပါသည်။
မိတ္ထီလာဈေးကွက်တွင် ဇူလိုင်လစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ပဲဖတ်နှမ်းဖတ်ဈေးနှုန်းများမှာ ပဲဖတ်တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊နှမ်းဖတ်တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင်၌ပဲဖတ်တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင်( ၁၀၀၀ )ကျပ်ခန့်ဈေးနှုန်းကျဆင်းလာကြောင်း၊ဈေးနှုန်းကျဆင်းလာရခြင်းမှ ပြည်ပမှ တိရိစ္ဆာန်အစာ ပဲပုတ်ဖတ်များဈေးကွက်အတွင်း အများအပြားဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟု ဆီစက်လုပ်ငန်းရှင်တစ်ဦီးမှ သိရပါသည်။
DOCA(မန္တလေး)