
(၂၁.၇.၂၀၂၅)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့် လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာ ပေးလျက် ရှိသလို တဖက်မှ လည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို အစဉ် တစိုက်ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး (ဒု-ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်းများသည် မြင်းခြံမြို့၊စံပြဈေးအတွင်းရှိ ဒေါ်ခင်ဌေးဆိုင်အား အရံသင့် အစာအစားအမျိုးမျိုးရောင်းချမှုကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင် ရွက်ခဲ့ကြသည်။ ပူးပေါင်း အဖွဲ့ဝင်များသည် ရောင်းချသောကုန်စည်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန် အညွှန်း အမှတ်အသားဖော်ပြခြင်းများ နှင့်ကိုက်ညီသော ကုန်စည် များသာရောင်းချစေရေး၊ မြန်မာဘာသာ ဖြင့်ဖော်ပြထားသော ကုန်စည်များ ရောင်းချ စေရေးတို့အတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ခေါက်ဆွဲခြောက်အထုပ်များကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်များနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက် စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)