
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ငရုတ်သီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ်တွင် (၁၅၈၄) ဧကစိုက်ပျိုးခဲ့ပြီး(၁၀၁၄) ဧကရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည် ။ ငရုတ်မျိုးများ အနေဖြင့် သာမို ၊ ဒီမွန် ၊ အက်စတာ၊ ၆၉၂၊ ကျားခေါင်း ငရုတ်မျိုးများကိုစိုက်ပျိုးကြပြီး ၎င်းမျိုးများအနက် ၆၉၂ ငရုတ်မျိုး များကို နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင်စိုက်ပျိုးကြကြောင်း ယခုအချိန်တွင် လှိုင်လှိုင်ထွက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် (၁၅၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၄၀၀-၄၅၀)ပိဿာခန့်ထွက်ရှိကြောင်း၊ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်သီးအစို တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ၊ ငရုတ်သီးခြောက် အညှာပါတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငရုတ်သီး ခြောက်အညှာခြွေ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ (၁)ဧက ကကျိုးအမြတ်အနေဖြင့်(၂၁၀၀၀၀၀/-) ကျပ်ဝန်းကျင်မြတ်ကြောင်း ၊ ငရုတ်ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း ၊ ပွဲစားများမှတစ်ဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ ငရုတ်စိုက်ပျိုးခြင်း ဖြင့် အပိုဝင်ငွေရရှိသည့်အပြင် မိသားစု စားဝတ်နေရေးပါ ပြေလည်သည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုး သင့်ပါကြောင်း ငရုတ်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)