
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးရောင်းချလျက်ရှိရာမှ မြင်းခွာရွက်ကိုလည်း အနည်းငယ်မျှသာ စိုက်ပျိုးထားသော်လည်း သဘာဝအရ မျိုးပွားသည့်အတွက် နေ့စဉ်ခူးဆွတ်ပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး ကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက် ရှိသောမြင်းခွာရွက် ဈေးနှုန်းမှာ မြင်းခွာရွက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ်၊ (၅)ကျပ်သားခန့် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ၊ ပူစီနံနံရွက် လက်တွင်းတစ်ဆုပ်စာ တစ်ပုံလျှင်(၃၀၀)ကျပ်(၂)ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ မုန့်ညှင်းရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ မုန့်ညှင်းရွက်(၂)စီးလျှင်(၅၀၀) ကျပ်နှင့် မုန့်ညှင်းရွက်(၄)စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)