
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ မလွန် စသည့်ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှလည်း မှာယူရောင်းချ ကြကြောင်း၊ ဇူလိုင်လ(တတိယပတ်)အတွင်း ခရမ်းချဉ်သီးဈေးနှုန်းစတင်ကျဆင်းပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် (အလုံးအကြီး၊ အသေး) အလိုက် ကျပ်(၂၃၀၀-၂၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)ပိဿာ လျှင် ကျပ်(၇၀၀-၉၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် မင်းလှမြို့နယ်အတွင်း ကျေးရွာများရှိ တနိုင်တပိုင်ခရမ်းချဉ်စိုက်ခင်းများမှ ခရမ်းချဉ်သီးများ စတင်ထွက်ပေါ်လာသည့်အတွက် ဇေယျာသီရိဈေးအတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)