
ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ နှင်းသီး၊ ဓေါပတ်သီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒညှင်းသီး နှင့် ဖရဲသီးများကို မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက် ရှိ ကြောင်း သိရ သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နှင်းသီး ဈေးနှုန်းများမှာ နှင်းသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် (၂၅)ကျပ် သားလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ထောပတ်သီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်ဖြင့် လည်းကောင်း ထောပတ်သီး(1)kg လျှင် (၈၀၀၀)ကျပ်ဈေးဖြင့် လည်းကောင်း၊ ထောပတ်သီး တစ်လုံးလျှင် (၁၀၀၀/၁၂၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)