
သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချ ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက် ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် အကြီး တစ်ထုတ်လျှင် (၃၀၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်) မုံလာထုတ် အသေး တစ်ထုတ်လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း ပန်းဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင် (၄၀၀၀)ကျပ် နှင့် ပန်းဂေါ်ဖီ အသေး တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း သီးနှံအစုံ ရောင်းချသူထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)