Main menu

ကျွန်းလှမြို့၏ သခွပ်ပွင့်ခြောက်နှင့် ကြောင်လျှာပွင့်ခြောက် ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံ များ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါ တွင် ရာသီစာ သခွပ်ပွင့်ခြောက် နှင့် ကြောင်လျှာပွင့်ခြောက်များကို မိမိတို့ဒေသထွက် နှင့်  ရွှေဘိုမြို့ နယ်တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ‌ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  သခွပ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွပ်ပွင့်ခြောက် တစ်ပိဿာလျှင်(၂၄၀၀၀) ကျပ်၊ သခွပ်ပွင့်ခြောက်(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် နှင့် လက်တွင်းတစ်ဆုပ်စာ(၁)ပုံလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကြောင်လျှာပွင့်ခြောက်ဈေးနှုန်းမှာ ကြောင်လျှာပွင့် ခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ကြောင်လျှာပွင့်ခြောက်(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် ‌ ကြောင်လျှာပွင့်ခြောက်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သခွပ်ပွင့် နှင့် ကြောင်လျှာပွင့်တို့သည် ဆေးဘက်ဝင်သောအပွင့်ခြောက်များဖြစ်ပြီး အရန်ဟင်းဖြစ် သည့်အတွက် အိမ်ရှင်မများ ကြိုက်နှစ်သက်ကာ  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်း ရရှိပါသည်။    

DOCA(စစ်ကိုင်း)