Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငရုတ်သီးခြောက်နှင့်ငရုတ်သီးမှုန့်ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေး တိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော ငရုတ်သီး ခြောက်ဈေးနှုန်းများမှာ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ အိန္ဒိယခြောက် (အပု)တစ်ပိဿာလျှင် (၃၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်နှင့် ငရုတ်သီးမှုန့်(၁၀)ကျပ် သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မြန်မာတို့သည် ငရုတ်သီးကို ကြိုက်နှစ်သက်ကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)