
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကန့်ဘလူမြို့၊ မြို့မဈေး၌ အသားမျိုးစုံရောင်းချလျက်ရှိရာ အမဲသားဈေးနှုန်းအနေဖြင့် အမဲသားရှယ်(အသားသန့်) လက္ကားတစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်နှင့် အမဲရိုးတစ်ပိဿာ (၆၀၀၀)ကျပ်၊ ဝက်သား(ရှယ်) တစ်ပိဿာ(၃၅၀၀၀)ကျပ်၊ ဝက်သားပေါင် တစ်ပိဿာ(၃၃၀၀၀)ကျပ်၊ ဝက်သားနံကိုင်းသား (၃၃၀၀၀)ကျပ်၊ ဝက်အသည်းတစ်ပိဿာ (၃၅၀၀၀)ကျပ်၊ ဝက်ကလီစာ တစ်ပိဿာ(၂၅၀၀၀)ကျပ်နှင့် ဝက်သွေးခဲတစ်ပိဿာ (၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)