Main menu

ကလေးမြို့ပေါ်ရှိ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     ကလေးခရိုင်၊ ကလေးမြို့၊ မြို့မဈေးအတွင်းတွင် ရောင်းချလျက်ရှိသည့် စားဖိုဆောင်သီးနှံများသည် အိမ်တစ်အိမ်အနေဖြင့် မဖြစ်မနေအသုံးပြုလျက်ရှိကြပြီး အိမ်ရှင်မတိုင်းအနေဖြင့် မိမိတို့၏ မီးဖိုချောင်အတွင်း အပြတ်လပ်အောင် ဝယ်ယူထားလေ့ရှိကြပါသည်။

      ကလေးမြို့ပေါ်အနေဖြင့် ဇူလိုင်လ၊ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသည့် ဈေးနှုန်းများအနေဖြင့် ဆား ( ၁ ) ပိဿာလျှင် ( ၂၂၀၀ ) ကျပ်၊ ပဲဆီ ( ၁ ပိဿာလျှင် ( ၂၁၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁ ) ပိဿာလျှင် ( ၁၉၀၀၀ )၊ စားအုန်းဆီ ( ၁ ) ပိဿာလျှင် ( ၉၀၀၀ ) ကျပ်၊ ကြက်သွန်နီ ( ၁ ) ပိဿာလျှင် ( ၃၀၀၀ ) ကြက်သွန်ဖြူ ( ရှမ်း ) ( ၁ ) ပိဿာလျှင် ( ၁၀၀၀၀ ) ကျပ်၊ ချင်း ( ၁ ) ပိဿာလျှင် ( ၈၀၀၀ )၊ မန်ကျည်းသီး ( ၁ ) ပိဿာလျှင် ( ၆၀၀၀ ) ကျပ်၊ အာလူး ( ၁ ) ပိဿာလျှင်               ( ၈၀၀၀ ) ကျပ်၊ ဂေါ်ဖီထုပ် ( ၁ ) ပိဿာလျှင် ( ၈၀၀၀ ) ကျပ်၊ ခရမ်းချဉ်သီး ( ၁ )ပိဿာလျှင် ( ၉၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိပါကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)