Main menu

သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ သံပုရာသီးများအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့်  သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်းသာမက ရှောက်သီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှုများသည့် သီးနှံများဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်း များမှာ သံပုရာသီး(အကြီး)(၁)လုံးလျှင် (၁၅၀)ကျပ်၊ (အသေး)(၁)လုံးလျှင် (၁၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး(အကြီး)(၁)လုံးလျှင် (၅၀၀)ကျပ်၊ (အသေး)(၁)လုံးလျှင် (၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့မဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးနှုန်းအနည်းငယ် ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)