Main menu

ကန့်ဘလူမြို့၏ နှင်းသီး(ခေါ်)လောင်ကန်သီးနှင့် မာလကာသီး ဈေးနှုန်း/ဈေးကွက်

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်းချနေသည့်ဆိုင်များတွင် နှင်းသီး(ခေါ်)လောင်ကန်သီးနှင့်မာလကာသီးများကို လှိုင်လှိုင်ရောင်း ချနေကြောင်းသိရသည်။ နှင်းသီး(ခေါ်)လောင်ကန်သီးနှင့်မာလကာသီးများကို ကန့်ဘလူမြို့နယ် နှင့်ကျွန်းလှမြို့နယ်တို့မှ ဝင်ရောက်လျက်ရှိ‌ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း နှင်းသီး(ခေါ်)လောင်ကန်သီး (၂၅)ကျပ် သားလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် မာလကာသီးအလုံးကြီး(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)