Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သံပုရာသီး၊ ရှောက်သီးဈေးနှုန်းကျဆင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သံပုရာသီးနှင့် ရှောက်သီးများကို မြို့ပေါ်ရပ်ကွက်များနှင့် မြို့ပတ်ဝန်းကျင်ရှိကျေးရွာများမှ တနိုင်တပိုင်စိုက်ပျိုး ရောင်းချကြသည့်အပြင် သရက်၊ တောင်တွင်းကြီး၊ မင်းဘူး၊ မကွေးမြို့တို့မှလည်း မှာယူရောင်းချ ကြကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် သံပုရာသီး(၁)လုံးလျှင် (အလုံး အကြီး၊ အသေး)ပေါ် မူတည်၍ ကျပ်(၅၀-၁၀၀)၊ ရှောက်သီး(၁)လုံးလျှင် ကျပ်(၁၅၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(ပထမပတ်)တွင် သံပုရာသီး(၁)လုံးလျှင် ကျပ်(၂၀၀)၊ ရှောက်သီး(၁)လုံးလျှင် ကျပ် (၃၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် သံပုရာသီး ကျပ်(၅၀- ၁၀၀)၊ ရှောက်သီး ကျပ်(၁၅၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် မင်းလှ မြို့ပေါ် ရပ်ကွက်များနှင့် မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် သံပုရာသီး၊ ရှောက်သီးများ လှိုင်လှိုင် ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)