
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် မကွေးမြို့တွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းမွှေး(ရွှေဘို)တစ်ပြည်လျှင် ကျပ်(၆၄၀၀)၊ ဧည့်မထဆန်(မနောသုခ)တစ်ပြည်လျှင် ကျပ် (၃၄၀၀)၊ ဧရာပဒေသာ(ကုန်ဇောင်း)ဆန်တစ်ပြည်လျှင် ကျပ်(၅၈၅၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၇၀၁၀)၊ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ်(၉၅၀၀)၊ သကြားတစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ အာလူးတစ်ပိဿာ လျှင် ကျပ်(၄၅၀၀)၊ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ မြေပဲဆံတစ်ပိဿာလျှင် ကျပ်(၈၇၀၀)၊ ရိုးရိုးဆား တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ အာပြဲခြောက်တစ်ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၄၅၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၆၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ဇူလိုင်လ(တတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ချက်အရ စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ် ပြန်လည် မြင့်တက်လာပြီး ကြက်သွန်နီနှင့် မြေပဲဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းကြောင်း၊ ကျန်စားသောက်ကုန်ဈေးနှုန်းများမှာလည်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်းနှင့် မိုးစိုက် ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း)များ ထွက်ပေါ်လာပြီး ဈေးကွက်အတွင်းဝင်ရောက်မှုရှိ၍ မြေပဲဆီဈေးနှုန်း မှာ ကျဆင်းရခြင်းဖြစ်ကြောင်း၊ ကြက်သွန်နီမှာ ပြည်ပဝယ်ယူမှုနည်း၍ ဈေးနှုန်းကျဆင်းရခြင်းဖြစ် ကြောင်း သိရှိရသည်။
DOCA(မကွေး)