Main menu

အောင်လံကုန်စည်ဒိုင်၏ ဇူလိုင်လ(စတုတ္ထပတ်)အတွင်း ပဲတီစိမ်းသီးနှံဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ သမ္ဗူလ၊ ရွှေဗန်းတော၊ ဧကရာဇ်၊ မိုးကောင်း စသည့်ကျေးရွာများမှ ပဲတီစိမ်းသီးနှံအသစ်များ အောင်လံကုန်စည်ဒိုင်သို့ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ပဲတီစိမ်း(အခြောက်)(၁)တင်းလျှင် အနိမ့်ဈေး ကျပ် (၁၁၀၀၀၀)၊ အမြင့်ဈေး ကျပ်(၁၂၀၀၀၀)ဈေးနှုန်းရှိပြီး ယခင်(တတိယပတ်)တွင် (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၁၇၀၀၀)၊ အမြင့်ဈေး ကျပ်(၁၂၅၀၀၀)ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု တစ်ပတ်တွင် (၁)တင်းလျှင် ကျပ်(၅၀၀၀ မှ ၇၀၀၀)ထိဈေးနှုန်းကျဆင်းခဲ့ပြီး အရောင်းအဝယ်အနေ ဖြင့် (စတုတ္ထပတ်)အတွင်း တင်းရေ(၄၅၀၀)တင်း၊ တန်ချိန်(၁၄၇)တန်ခန့် အရောင်းအဝယ်ရှိပါ ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိ ရသည်။

DOCA(မကွေး)