Main menu

ပခုက္ကူမြို့မဈေး၌ ပုပ္ပါးခရမ်းချဉ်သီးများ စတင်ဝင်ရောက်၍ ဈေးကောင်းရရှိနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးတို့တွင် အိမ်ရှင်မများအတွက် ဟင်းလျာ တစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ ခရမ်းချဉ်သီးများကို  မိမိတို့ဒေသမှ မထွက်ရှိသေး၍ အခြားပြည်နယ်ဖြစ်သော ရှမ်း ပြည်နယ် အင်းလေးဒေသမှ ထွက်ရှိသော ခရမ်းချဉ်သီးများ၊ မန္တလေးတိုင်းဒေသ ကျောက်ပန်း တောင်း ပုပ္ပါးနယ်မှ ထွက်ရှိသော ခရမ်းချဉ်သီးများ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

           ဈေးနှုန်းဈေးကွက် အနေဖြင့် ရှမ်းပြည်နယ် အင်းလေးဒေသမှ ထွက်ရှိသောခရမ်းချဉ်သီး မှာ အလုံးအကြီးအသေးကိုလိုက်၍ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် အလုံးသေး တစ်ပိဿာ လျှင်ကျပ် (၂၈၀၀)၊ အလုံးအလတ် တစ်ပိဿာလျှင် ကျပ်(၃၃၀၀)၊ အလုံးကြီးတစ်ပိဿာလျှင် ကျပ် (၃၈၀၀)ဖြစ်ပြီး (ဒုတိယပတ်)တွင် ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလုံးအလတ် တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အလုံးကြီး တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်ပိဿာလျှင်ကျပ် (၃၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုဇူလိုင်လ (တတိယပတ်)မှ စ၍ ပုပ္ပါးမှ ခရမ်းချဉ်သီးများစတင် ဝင်ရောက်ပြီး တစ် ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် ဈေးကောင်းရနေပြီး ပုပ္ပါးသီးမှာ ချက်ပြုတ်ရာတွင် အနှစ်ကျ၍ စာကောင်းပြီး လူကြိုက်များသော ခရမ်းချဉ်သီးဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)