
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များနှင့် စားသုံးဆီဆိုင်များအား မအူပင်ခရိုင် (FDA)၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးအဖွဲ့၊ စာ်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၁၈-၇-၂၀၂၅) နေ့နံနက် (၁၀း၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင်ဆေးဆိုင်များအားစစ်ဆေးရာ၌ ဆေးဝါးရောင်းချခွင့်လိုင်စင်ရှိ/ မရှိ၊ ရောင်းချသော ဆေးဝါးများတွင်အညွှန်းများတပ်ဆင်မှုရှိ/ မရှိ၊ (FDA)မှတားမြစ်ထားသော ဆေးဝါးများအား ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ပြည်တွင်းထုတ်အမှတ် တံဆိပ်ပါစားသုံးဆီများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ FDA ထောက်ခံချက်ရှိ/ မရှိ၊ ဈေးကွက်အတွင်း အမှတ်တံဆိပ်ပါရောနှောဆီ (Blended OIL) ဖြန့်ဖြူးရောင်းချမှုများအား မြေပြင်ကွင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးစဉ်အတွင်း ဈေးကွက်၌ သတ်မှတ်ချက်နှင့် မညီရောင်းချခြင်းများ တားမြစ်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်နှင့်၊ ဈေးဝါးများရောင်းချခြင်းတွေ့ရှိပါက အမျိုးသားအစားအသောက်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယခုလို စစ်ဆေးဆောင်ရွက်မှုများကို မကြာခဏ ပြုလုပ်မည်ဖြစ်သဖြင့် ဆိုင်ရှင်းများ အထူးအလေးထားလိုက်နာရောင်းချရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)