
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ စိန်နှင်းဆီ ကုန်စုံဆိုင် ဦးဆန်းထွန်းသိန်း (၅)ရပ်ကွက်ဒေါ်ခင်လှ ကုန်စုံဆိုင် ဦးအောင်မြင့်ဦး (၄)ရပ်ကွက်၊ ငွေမိုး ကုန်စုံဆိုင် ဦးတင်ကိုကို(၄)ရပ်ကွက်၊ မိဘမေတ္တာ၊ သိန်းကမ္ဘာ၊ ကိုတင်အေး၊ ဦးစိုးနိုင်၊ ဂန္ဓမာ ဈေးဆိုင်များ၊ ဦးကျင်လှ ရေသန့်၊ လမ်ငးရေသန့်၊ ဦးကျော်ရွှေရေသန့်၊ ဒေါ်ရှုဝမ်၊ ဦးတင်အေး ရေသန့်ဆိုင်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ တိုင်ရင်းဆေးပညာဦးစီးဌာနတို့ ကူးပေါင်း၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှု မရှိစေရေးနှင့် တာမြစ်ဆေးဝါးများရောင်းချမှု မရှိစေရေးကို (၁၉-၇-၂၀၂၅) နေ့ နံနက် (၀၉း၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ဒေသခံပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခြင်း၊ သောက်ရေသန့်အမျိုးမျိုးတွင် (FDA) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါ/ မပါနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိ စသည်ဖြင့် စစ်ဆေးခြင်း၊ ပြည်တွင်းသို့တင်သွင်းသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးပြည့်မီရေး ကျန်းမာရေးနှင့်ကိုက်ညီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကိုသုံးစွဲနိုင်ရေး ဗူးသွပ်ဆီများတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်မှုရှိ/ မရှိကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဓနုဖြူဈေးကွက်အတွင်း သတ်မှတ်ချက်နှင့် ညီသော ကုန်စည်များရောင်းချနေခြင်းကို တွေ့ရှိရပြီး၊ ဆိုင်ရှင်များကို သက်တ်းလွန်ကုန်စည်များရောင်းချခြင်းမပြုရန် အသိပေးပြောကြားစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများထံ ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ် ကြရန်နှင့် ရောင်းချခြင်းမပြုရန်တားမြစ်ထားသော ဆေးဝါးပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးပြောကြားကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)