Main menu

အလှကုန်ဆိုင်များအား ပုံမှန်စစ်ဆေးဆောင်ရွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း၍ (၁၈.၇.၂၀၂၅) ရက်နေ့တွင် ပန်းတနော်မြို့ပေါ်ရှိ မြို့မဈေးနှင့် စတိုးဆိုင် (၁၁) ဆိုင်ကို ကွင်းဆင်း၍ သုံးစွဲရန်မသင့်ဟုထုတ်​ပြန်ထားသော အလှကုန်များ ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အလှကုန် ရောင်းချနေသည့် ဆိုင်များအနေဖြင့် မှတ်ပုံတင်ထားသော အလှကုန်များကိုသာရောင်းချရေး၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရရှိစေရေး၊ ကုန်စည်များအပေါ် ယုံကြည်စိတ်ချရမှုရှိစေရေး၊ ကုန်စည်များအပေါ်တွင် ကုန်စည်အမျိုးအစားလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိနှင့် သက်တမ်းလွန်‌ နေသောအလှကုန်နှင့်စားသောက်ကုန်များ ရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီးလုပ်ငန်းရှင်များအား အလှကုန်များ ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)