Main menu

ဧရာဝတီတိုင်းဒေသကြီးတွင် ထန်းလျက်ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

    ထန်းလျက်  ဆိုသည်မှာ ထန်းရည်ချိုကို ချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်သည်။ ထန်းပင်မှရသော သန့်စင်ထားသည့်ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ တစ်နာရီခန့် ဆူပွက်အောင်ကျိုချက်ပေး၍ သမအောင် မွှေပေးရသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့်အတုံးများတုံးကာ အခြောက်ခံပါက ထန်းလျက်ခဲကိုရရှိမည်ဖြစ်သည်။ အချို့မှာ ဇီးမှုန့်၊ အုန်းသီး၊ နှမ်း၊ မြေပဲ စသည့် မိမိအလိုရှိရာကိုထည့်၍ ပြုလုပ်ကြသည်။ သဘာဝပစ္စည်း စစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင် ဆေးဖက်ဝင်သောကြောင့် မြန်မာ့ထမင်းဝိုင်းတွင် အချိုတည်းစရာ တစ်ခုအဖြစ် ရှေးယခင်ကတည်းက တည်ရှိခဲ့တာကာ လက်ရှိ အချိန်ထိ လူကြီး လူငယ်မရွေး အထူးကြိုက်နှစ်သက်စွာ စားသုံးလျက်ရှိသည့် အစားအစာတစ်ခု ဖြစ်သည်။

    ဧရာဝတီတိုင်းတွင် ရောင်းချနေသော ထန်းလျက်များမှာ အုန်းထန်းလျက် ၁ ပိဿာ လျှင် ၁၂,၀၀၀ ကျပ်မှ ၁၄,၀၀၀ ကျပ် ရှိပြီး အုန်းနှင့်ရောစပ်ထားပြီး အချိုမြူးစေသည့် အရသာကြောင့် လူကြိုက်များသည်။ နို့ထန်းလျက်၁ ပိဿာ လျှင် ၁၀,၀၀၀ ကျပ်မှ ၁၂,၀၀၀ ကျပ် ရှိပြီး နို့အနံ့ပါသော ချိုပျော့ပျော့အရသာ ရှိသည့်အတွက် ကလေးများနှင့် လူကြီးများ နှစ်သက်ကြသည်။ မြေပဲထန်းလျက်၁ ပိဿာလျှင် ၁၁,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ် ရှိပြီး မြေပဲနှင့်ရောစပ်ထားသဖြင့် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် ကောင်းမွန်သည်။ ထန်းလျက်အလုံး (သကာသီး) ၁ ပိဿာလျှင် ၈,၅၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ် ရှိပြီး သကြားနှင့်မရောဘဲ သဘာဝအတိုင်း ချက်ထားသော ထန်းလျက်ဖြစ်ပြီး အများအားဖြင့် မုန့်လုပ်ရာတွင် အသုံးပြုကြပါသည်။

    ထန်းလျက်ကို မုန့်လုပ်ငန်း၊ သရေစာလုပ်ငန်း၊ ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုကြသည်။ဒေသခံများသည် ထန်းလျက်ကို ရာသီအလိုက် ခြောက်သွေ့အောင် ပြုလုပ်ပြီး သိုလှောင်ထားကာ တစ်နှစ်ပတ်လုံး ရောင်းချကြသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပြတ်လတ်မှုမရှိပါ။ ထန်းလျက်ကို ရိုးရာနည်းဖြင့် ချက်လုပ်ကြပြီး အရည်အသွေးမြင့်မားမှုကြောင့် နိုင်ငံတဝှမ်းမှ ဝယ်ယူသူများ ရှိသည်။ ထန်းလျက်သည် သဘာဝအချိုဓာတ်ဖြစ်သောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ယူဆသောကြောင့် ဖြစ်ပါသည်။

DOCA (ဧရာဝတီ)