
ဧရာဝတီတိုင်းဒေသကြီးသည် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ) စိုက်ပျိုးမှု အဓိကဒေသဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မြေပဲ စိုက်ဧက အနည်းငယ်ကျဆင်းခဲ့သော်လည်း ဈေးကွက်ဝင်မှု ကောင်းမွန် နေဆဲဖြစ်သည်။ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သာတ စသည့်ခရိုင်များတွင် အဓိကစိုက်ပျိုးပြီး ဒေသအလိုက် မတူညီသောမျိုးစေ့များ (ဥပမာ - မြေပဲကြီး၊ မြေပဲသေး) ကို အသုံးပြုလေ့ရှိသည်။
ဧရာဝတီတိုင်းမှ ထွက်ရှိသော မြေပဲလုံးဆံအသစ်များသည် ဇွန်လတွင် ဈေးကွက်သို့ အပြည့်အဝ ဝင်ရောက်လာပြီဖြစ်ကာ၊ မအူပင်နှင့် ဟင်္သာတဈေးကွက်များတွင် အရောင်းအဝယ်အများဆုံးဖြစ်သည်။ ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင် ၁ ပြည်လျှင် ၁၀,၀၀ဝ ကျပ် မှ ၁၀,၅၀ဝ ကျပ် (အရည်အသွေးပေါ်မူတည်) ၁တင်းလျှင် ၁၆၀,၀၀ဝ ကျပ် မှ ၁၆၈,၀၀ဝ ကျပ် ဖြစ်ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်မှု ရှိပြီး၊ ဝယ်လိုအား အနည်းငယ်ကျဆင်းနေသော်လည်း စားသုံးသူများ၏ ဝယ်ယူမှုမှာ ပုံမှန်ရှိသည်။
ဈေးကွက်ဝယ်ယူမှုအခြေအနေဖြင့် ဒေသခံ လ္ဘက်/အကြော်ဆိုင်များ၊ ပဲအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များ ၊ ရန်ကုန်၊ မန္တလေးမှ ကုန်သည်ကြီးများမှ ဝယ်ယူလျက်ရှိပါသည်။ ဇွန်လအတွင်း မိုးစပါး စိုက်ရန်ပြင်ဆင်မှုကြောင့် လယ်သမားအချို့ မြေပဲအဟောင်းများကို အမြန်ရောင်းချလာခြင်းဖြင့် ဈေးကွက်တွင် ရောင်းအားတိုးလာသည်။ သို့သော် နိုင်ငံတကာဈေးကွက်တွင် ပဲအမျိုးမျိုး၏ဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းဈေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကုန်သည်များက သုံးသပ်သည်။ မိုးရာသီတွင် မြေပဲစိုက်ပျိုးမှု လျော့နည်းလာမည်ဖြစ်သဖြင့် ဇူလိုင်နှင့် ဩဂုတ်လများတွင် ဈေးနှုန်းတဖြည်းဖြည်း တက်လာနိုင်သည်။ ဧရာဝတီတိုင်းမှ ထွက်ရှိသောမြေပဲများသည် အရည်အသွေး ကောင်းမွန်သည်ဟု သတင်းများရှိသဖြင့် ပြည်ပသို့တင်ပို့မှုအတွက် ဝယ်လိုအား ရှိနေဆဲဖြစ်သည်။
DOCA (ဧရာဝတီ)